🦟 ကမ္ဘာ့ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့ (၂၀၂၂) World Malaria Day 2022 🦟
၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၅) ရက်
“ငှက်ဖျားဝန်ကို လျှော့ချကာ အသက်များစွာ ကာကွယ်ပါ”
Harness innovation to reduce the malaria disease burden and save lives
🦟 ငှက်ဖျားရောဂါသည် အကြောင်း သိကောင်းစရာများ 🦟
🦟 ငှက်ဖျားရောဂါသည် Plasmodium Parasites (ငှက်ဖျားပိုး)ကို သယ်ဆောင်ထားသော အနောဖိလိခြင်မ (Anopheles) ကိုက်ခံရခြင်း၊ Plasmodium Parasites (ငှက်ဖျားပိုး)သယ်ဆောင်ထားသူ၏ သွေးကိုသွင်းမိ ခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။
🦟 အနောဖိလိခြင်မသည် (၁) လခန့် သက်တမ်းရှိပြီး ပင်လယ်ကမ်းခြေဒေသများ၊ တောတောင်ထူထပ်သော ဒေသများ၊ လယ်ကွင်းများ၊ ရေကြည်ရေသန့်ရှိသော စိုက်ခင်းများ၊ ရေမြောင်းများနှင့် ရေတိမ်စမ်းချောင်း များ၏ ရေစပ်များတွင် ပေါက်ပွားပါတယ်။ မိုးရာသီတွင် ပေါက်ပွားမှု ပိုမိုများပြားပါတယ်။
❌ စိမ့်စမ်းရေသောက်ခြင်း
❌ ငှက်ပျောသီးစားခြင်း တို့ကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားရခြင်း (လုံးဝ) လုံးဝမဟုတ်ပါ။
🦟 ငှက်ဖျားရောဂါလက္ခဏာများ
ငှက်ဖျားရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်ကိုက်ခံရပြီး တစ်ပတ်မှ တစ်လအတွင်း ရောဂါလက္ခဏာ ပြတတ်ပါတယ်။
သာမန်ငှက်ဖျား
- ချမ်းတုန်ပြီးဖျားခြင်း
- ကိုယ်ပူ၍ အလွန်အမင်း ချွေးထွက်ခြင်း
- ခေါင်းကိုက်၍ မူးဝေခြင်း
- ကိုယ်လက် မအီမသာဖြစ်ခြင်း
- အစားအသောက်ပျက်ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း
ပြင်းထန်ငှက်ဖျား
- အလွန်အမင်း အဖျားတက်ခြင်း
- အလွန်အမင်း ဖြူဖျော့လာခြင်း
- ဆီးသွားနည်းခြင်း၊ ဆီး လုံးဝ မထွက်ခြင်း
- အသက်ရှုရ ခက်ခဲခြင်း
- ခြေဖျား၊ လက်ဖျားများ အေးစက်လာခြင်း
- ဦးနှောက်ထဲသို့ ငှက်ဖျားပိုး ဝင်ရောက်ပါက စိတ်တို၊ စိတ်ဆတ်ခြင်း၊ ပုံမှန်ထက်ပို၍ မှိန်းနေခြင်း၊ နေ့ညခွဲခြားမသိခြင်း၊ ကယောင်ကတမ်း ပြောခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း
- နှာခေါင်း၊ ပါးစပ်တို့မှ သွေးယိုစီးခြင်း
- အသက်သေဆုံးခြင်း
🦟 ငှက်ဖျားရောဂါ မကူးစက်နိုင်အောင်
✅ ခြင်ကိုက်မခံရအောင် နေပါ
✅ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်အိပ်ပါ
✅ ဘယ်နေရာမှာ အိပ်အိပ် ခြင်ထောင်နှင့် အိပ်ပါ ( ဆေးစိမ်ခြင်ထောင်ဖြစ်ပါက ပိုကောင်းပါသည်)
✅ မိမိနေအိမ်ကို ခြင်လုံ သံဇကာ (သံဆန်ခါ) တပ်ပါ
✅ နေအိမ်ဝန်းကျင်ကို ခြင်ဆေးဖျန်းပါ၊ ခြင်ပေါက်ဖွားရာ နေရာများမရှိအောင် ပတ်ဝန်းကျင်သန့်ရှင်းရေး အထူးဂရုပြုပါ
🦟 အကယ်၍ တောတောင်နှင့် နှီးနွယ်သော လုပ်ငန်းလုပ်ကိုင်ပါက
✅ တောထဲသွားတိုင်း တာရှည်ခံ ဆေးစိမ်ခြင်ထောင် ယူသွား၍ အိပ်ပါ
✅ မနက်စောစောနှင့် နေဝင်ချိန်များမှာ အလုပ်လုပ်ပါက ခြင်မကိုက်ဆေး လိမ်းပါ
✅ တောထဲမှ ပြန်လာတိုင်း ငှက်ဖျားသွေးစစ် ကုသမှု ခံယူပါ
ကျန်းမာရေးဝန်ကြီးဌာန၊
အမျိုးသားညီညွတ်ရေးအစိုးရ
ဝန်ကြီးဌာနသို့ လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/

Published on: 25 April 2022
Last Updated: 25 April 2022