“World Neglected Tropical Diseases Day 2024” (January 2024)

ကမ္ဘာ့အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများ အထိမ်းအမှတ်နေ့၊ ၂၀၂၄ ခုနှစ်
World Neglected Tropical Diseases Day 2024

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်

စုစည်းပါ။ လုပ်ဆောင်ပါ။ တိုက်ဖျက်ပါ။
Unite. Act. Eliminate

စုစည်းပါ။ (Unite.)
ကျွန်ုပ်တို့သာ ပေါင်းစည်းလုပ်ဆောင်မည်ဆိုလျှင် ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေ (၁.၆၂) ဘီလီယံ၏ ကျန်းမာရေးနှင့် ကျန်းမာခြင်းသုခကို အတူတကွ မြှင့်တင်နိုင်မည်ဖြစ်သည်။

လုပ်ဆောင်ပါ (Act.)
သင့်အသံ၊ သင့်စေ့ဆော်မှု၊ သင့်လုပ်ဆောင်ချက်ဟာ ဘဝများစွာကို ပြောင်းလဲစေနိုင်ပါတယ်။

တိုက်ဖျက်ပါ (Eliminate.)
ကမ္ဘာ့အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများသည် ကာကွယ်ကုသနိုင်သော ရောဂါများဖြစ်သည်။

ကမ္ဘာ့အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများ အထိမ်းအမှတ်နေ့ကို နှစ်စဉ် ဇန်န၀ါရီလ (၃၀)ရက်နေ့တွင် ကျင်းပပါသည်။

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများ အထိမ်းအမှတ်နေ့တွင် ခေါင်းဆောင်များနှင့် ရပ်ရွာလူထုအပါအဝင် လူတိုင်းကို ကမ္ဘာ့အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများကို ဖြစ်စေသည့် မညီမျှမှုများအား ရှာဖွေလုပ်ဆောင်ရန်နှင့် ကမ္ဘာ့ထိခိုက်ခံစားလွယ်သော အရပ်ဒေသများမှ လူ (၁.၆၂) သန်းခန့်ကို ရောဂါသံသရာနှင့် ဆင်းရဲမှုမှ လွတ်မြောက်စေရေး စဥ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုများ သိသာထင်ရှားစွာပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က တောင်းဆိုထားပါသည်။

ကမ္ဘာ့အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများ အထိမ်းအမှတ်နေ့၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့အပူပိုင်းဒေသများတွင် အဖြစ်များသည့် အမေ့လျော့ခံရောဂါများအကြောင်း အသိပညာမြှင့်တင်ပေးရန်နှင့် မေ့လျော့ခံ အပူပိုင်းဒေသရောဂါများလမ်းညွှန် ၂၀၂၁-၂၀၃၀ နှင့် ၂၀၂၂ မေ့လျော့ခံအပူပိုင်းဒေသရောဂါများအတွက် Kigaliကြေငြာချက်များနှင့်အညီ ၎င်းတို့၏ ထိန်းချုပ်မှု၊ တိုက်ဖျက်ရေးနှင့် အမြစ်ပြတ်ချေမှုန်းရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ရရှိစေရန် ဖြစ်သည်။

ဤနေ့သည် WHO က အသိအမှတ်ပြုထားသော ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနေ့များ (၁၁) ရက်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးရက်သတ္တပတ် (၂) ပတ်များထဲမှ တစ်ခုဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

#nugmoh ##UniteActEliminate and #WorldNTDDay #BeatNTDs #WorldNeglectedTropicalDiseasesDay #WorldNeglectedTropicalDiseasesDay2024 #NeglectedTropicalDiseases #NTD

Ministry of Health,
National Unity Government.

Published on: January 30, 2024
Last updated: January 30, 2024