🐕 ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ (World Rabies Day) 🐕

စက်တင်ဘာလ ၂၈ ရက် သည် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ (World Rabies Day) ဖြစ်ပြီး ၂၀၂၃ ခုနှစ်သည် ၁၇ ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

“All for 1, One Health for all”.

ယခုနှစ် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အတွက် ဆောင်ပုဒ်သည် “အားလုံးအတွက် တစ်ခု” “လူ၊ တိရစ္ဆာန် နှင့် ဂေဟစနစ် အားလုံး သဟဇာတဖြစ်ရန် ဘက်စုံထောင့်စုံမှ ချဉ်းကပ်သော ကျန်းမာရေးပုံစံ တစ်ခုသည် အားလုံးအတွက်” ဟူ၍ ဖြစ်သည်။

ယခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့သည် ၁၇ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ ဖြစ်ပါသည်။ ယခုနှစ် ဆောင်ပုဒ်အရ “ဘက်စုံထောင့်စုံမှ ချဉ်းကပ်သော ကျန်းမာရေးပုံစံ တစ်ခု” သည် ရွေးချယ်ထားသူများအတွက်သာမဟုတ်ဘဲ အားလုံးအတွက် ဖြစ်ကြောင်း မီးမောင်းထိုးပြထားပါသည်။

All for 1 – One Health for all

ခွေးရူးပြန်ရောဂါထိန်းချုပ်ရေးအစီအမံများသည် One Health ဟု ခေါ်သည့် “လူ၊ တိရစ္ဆာန် နှင့် ဂေဟစနစ် အားလုံး သဟဇာတဖြစ်ရန် ဘက်စုံထောင့်စုံမှ ချဉ်းကပ်သော ကျန်းမာရေးပုံစံ တစ်ခု” ကို ဖော်ဆောင်သည့် စနစ်အတွက် ဥပမာကောင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ကပ်ရောဂါဖြစ်နိုင်သည့် ရောဂါများအပါအဝင် တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်ထိန်းချုပ်ရန် အရေးပါသည့် ယုံကြည်မှုနှင့် ဖွဲ့စည်းမှုများ တည်ဆောက်ခြင်း ဖြစ်သည်။
ကျန်းမာရေးဝန်ဆောင်မှုများနှင့် ခွေးကိုက်ခံရပြီး ခွေးရူးပြန်ကာကွယ်ဆေး ထိုးသည့် ဝန်ဆောင်မှုများကို ပြည်သူလူထုအားလုံး သာတူညီမျှ ရရှိရန် လုပ်ဆောင်သင့်သည်။ ထိုသို့ရရှိစေခြင်းသည် လူ့အသက်များစွာကို ကယ်တင်နိုင်သည့်အပြင် နိုင်ငံ၏ကျန်းမာရေးစနစ်ကိုပါ တည်တံ့ခိုင်မာစေပါသည်။

ကျွန်ုပ်တို့အားလုံးတွင် တူညီသည့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်မှာ “၂၀၃၀ ခုနှစ်တွင် သုည (ဇီးရိုး) ဖြစ်ရမည် – ခွေးမှတဆင့် ဖြစ်ပွားသည့် ခွေးရူးပြန်ရောဂါမှ လူသေဆုံးမှုကို ပပျောက်စေရန် ကမ္ဘာလုံးဆိုင်ရာ နည်းဗျူဟာကျ အစီအစဥ်” ဖြစ်ပါသည်။

ရှည်ကြာလှပြီဖြစ်သော ရောဂါများထဲမှ တစ်ခု ဖြစ်ပွားလည်ပတ်နေခြင်းကို ဖြတ်တောက်ရန် ကမ္ဘာပေါ်တွင် ကာကွယ်ဆေးများ၊ ဆေးဝါးများ၊ နည်းပညာများ နှင့် နည်းနာနိဿယ ကိရိယာများ ရှိပါသည်။ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ခွေးရူးပြန်ရောဂါကို အဆုံးသတ် ပပျောက်စေရန် လုပ်ဆောင်နိုင်ပါသည်။ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ချန် မကျန်ရစ်စေရပါ။

ဘက်စုံထောင့်စုံမှ ချဉ်းကပ်သည့် ကျန်းမာရေးစနစ် (One Health) သည် လူအနည်းငယ်အတွက်သာ မဟုတ်ဘဲ လူအားလုံးအတွက် လက်လှမ်းမီ ရရှိနိုင်ရန် အတွက် ဖြစ်ကြောင်းကို သေချာစေပါသည်။ ထိုသို့ သာတူညီမျှမှု၏ အရေးကြီးပုံနှင့် ကျန်းမာရေးစနစ်များ ခြုံငုံ၍ အလုံးစုံ ခိုင်မာအားကောင်းခြင်းကို ယခုနှစ်ဆောင်ပုဒ်သည် ထပ်လောင်း၍ အလေးပေးဖော်ပြထားပါသည်။

ပြည်သူလူထုကို ပါဝင်ဆောင်ရွက်စေခြင်း၊ ကွဲပြားသော အခန်းကဏ္ဍများ ပူးပေါင်း၍ ဆောင်ရွက်ခြင်း၊ ခွေးများ ကာကွယ်ဆေးထိုးခြင်းကို ရေရှည်တည်တံ့စွာ လုပ်ဆောင်ရန် ကတိကဝတ်ဆုံးဖြတ်ချက်များ ထားရှိခြင်းတို့ဖြင့် အားလုံး တစ်စုတစ်စည်းတည်းဟု ခံယူပြီး ရည်မှန်းချက်တစ်ခုကို အတူတကွ လုပ်ဆောင်နိုင်ပါသည်။ ခွေးရူးပြန်ရောဂါကို နမူနာအဖြစ် အသုံးပြုပြီး ဘက်စုံထောင့်စုံမှ ချဉ်းကပ်သော ကျန်းမာရေးပုံစံ (One Health) ကို အားလုံးအတွက် လက်လှမ်းမီ ရရှိရန် လုပ်ဆောင်နိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Reference: www.who.int/news-room/events/detail/2023/09/28/default-calendar/world-rabies-day-2023

🐶 ခွေးရူးပြန်ရောဂါ (Rabies) (မတ်လ၊ ၂၀၂၃ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0TAhh725Gkvo5RxH46XzJdtTdA7qFpmu8QLBC76KdVxAfsiG2NbjoQkUcMoS7Wciel

🐶 ခွေးကိုက်ခံရခြင်းမှ ကာကွယ်ရန် အချက် (၅) ချက် (ဖေဖော်ဝါရီလ၊ ၂၀၂၃ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02w4KBLPaQrxtXYrve9CCDhokPJ8BoZADkXQFXX15eHWREzb1TpkeqdnmRgoDLxNzwl

🐶 Rabies in Myanmar (သင်ကြားရေး ရုပ်သံဗီဒီယို) (ဩဂုတ်လ၊ ၂၀၂၂ ခုနှစ်)
https://fb.watch/j4mHlCcfXK/

🐶 ခွေးရူးပြန်ရောဂါ သိမှတ်ဖွယ်ရာ အမေးအဖြေကဏ္ဍ (ဇူလိုင်လ၊ ၂၀၂၂ ခုနှစ်)
https://www.facebook.com/telehealthmm/posts/pfbid02PJhpY37ybySoYb8if4jqxYewsiRq9AYRVvG15dqAs9GaP3JEPBrD6NEwbV1sZZebl

🐶 ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာ (ဇွန်လ၊ ၂၀၂၂ ခုနှစ်)
https://www.facebook.com/telehealthmm/posts/pfbid02KQK3yuZB6Nxj4vBrvxcbUveuiYvo1Qp2tHHLZ9dcJdkoE68EhmeZWmvEXy8hCoqQl

#nugmoh #rabies #WorldRabiesDay #WorldRabiesDay2023 #dog #dogbite #canine #ခွေးရူးပြန် #ခွေး #ခွေးရူး #ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့

Ministry of Health,
National Unity Government.

Published on: September 28, 2023
Last updated: September 28, 2023