🚨 လေဖြတ်ရောဂါကနေ ရှင်သန်ကျန်ရစ်ဖို့ အရေးကြီးတဲ့ မသိမဖြစ် F.A.S.T 🧠
ကမ္ဘာ့လေဖြတ်ရောဂါနေ့ #WorldStrokeDay (29 October 2022)
🙂 FACE
ပြုံးကြည့်သောအခါ မျက်နှာတစ်ဖက်ခြမ်းက စောင်းသွား/ တွဲကျနေသလား?
🙋 ARMS
လက်နှစ်ဖက်ကို မြှောက်ကြည့်သောအခါ လက်တစ်ဖက်က အောက်သို့ ရွေ့/ တွဲကျနေသလား။
🗣️ SPEECH
ရိုးရှင်းသည့် စကားစုတစ်ခုကို အကြိမ်ကြိမ် ပြောကြည့်သောအခါ စကားမပီသဘဲ ဝါးနေသလား သို့မဟုတ် တစ်ဖက်သား နားမလည်နိုင် ဖြစ်နေသလား?
⏰ TIME
အထက်ပါရောဂါလက္ခဏာများကို ကြုံတွေ့ရပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်း သို့မဟုတ် NUG ကျန်းမာရေးဝန်ကြီးဌာန၏ တယ်လီကျန်းမာ အွန်လိုင်းဆေးခန်း (https://facebook.com/teleheatlhmm) သို့မဟုတ် နွေဦး အွန်လိုင်းဆေးခန်း (https://facebook.com/nwayooclinic) တို့နှင့် ချက်ချင််းပြသပါ။
Ministry of Health,
National Unity Government.

Published on: 29 October 2022
Last Updated: 29 October 2022