မိမိကိုယ်ကို အဆုံးစီရင်ခြင်းအား ကာကွယ်တားဆီးရေးဆိုင်ရာ ကမ္ဘာ့နေ့ ၂၀၂၃ (စက်တင်ဘာလ၊ ၁၀ ရက်နေ့)
World Suicide Prevention Day 2023
“Creating Hope Through Action”
“မျှော်လင့်ချက်တွေ ရှင်သန်ဖို့ အတူလက်တွဲ ကြိုးစားစို့”
မိမိကိုယ်ကိုအဆုံးစီရင်ခြင်းသည် လူမှုရေး၊ စိတ်ခံစားမှု နှင့် စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများနှင့် ဆက်စပ်နေသော အဓိကပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်သည်။
ကမ္ဘာပေါ်တွင် နှစ်စဥ်လူပေါင်း ၇ သိန်းကျော် မိမိကိုယ်ကို အဆုံးစီရင်လျက်ရှိသည်ဟု ခန့်မှန်းထားပြီး အဆုံးစီရင်မှု တစ်ခုစီတိုင်းသည် လူပေါင်းများစွာကို အကြီးအကျယ် အကျိုးသက်ရောက်မှုရှိသည်။
“Creating Hope Through Action” “မျှော်လင့်ချက်တွေ ရှင်သန်ဖို့ အတူလက်တွဲ ကြိုးစားစို့” ဆိုသည့် ဆောင်ပုဒ်သည် မိမိကိုယ်ကိုအဆုံးစီရင်ခြင်းအား ကာကွယ်တားဆီးရေးဆိုင်ရာ ကမ္ဘာ့နေ့အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၃ နှစ်တာ ဆောင်ပုဒ် ဖြစ်သည်။
အဆုံးစီရင်မှုကို ရှောင်ရှား၍ အခြားလုပ်ဆောင်စရာများရှိသေးကြောင်း သတိပြုမိစေရန်၊ မျှော်လင့်ချက်များ ရှင်သန်စေရန်နှင့် အဆုံးစီရင်မှုကို ကာကွယ်သည့် နည်းလမ်းများကို ခိုင်မာအားကောင်းစေရန် ဤဆောင်ပုဒ်သည် အားကောင်းသော ဖိတ်ခေါ်တိုက်တွန်းချက်တစ်ခု ဖြစ်ပါသည်။
မျှော်လင့်ချက်ရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့် အဆုံးစီရင်ရန် ကြံစည်သူများကို မျှော်လင့်ချက်များရှိကြောင်းနှင့် ကူညီပံ့ပိုးမည့်သူများရှိနေကြောင်း အသိပေးနိုင်သည်။
ကျွန်ုပ်တို့၏ဆောင်ရွက်ချက်များသည် ကြီးကျယ်သည်၊ သေးငယ်သည်ဟု မရှိဘဲ ရုန်းကန်နေရသူများကို မျှော်လင့်ချက်ပေးစွမ်းနိုင်ပါသည်။
အဆုံးစီရင်မှုကို ကာကွယ်ခြင်းသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဦးစားပေးမှုဖြစ်ကြောင်းနှင့် အဆုံးစီရင်မှုကြောင့် သေဆုံးမှုနှုန်းကျစေရန် အရေးပေါ်ဆောင်ရွက်မှုများလိုအပ်ကြောင်း သတိပြုမိစေသည်။
မိမိကိုယ်ကို အဆုံးစီရင်ခြင်းအား ကာကွယ်တားဆီးရေး အပြည်ပြည်ဆိုင်ရာအဖွဲ့ (International Association for Suicide Prevention) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးပေါင်း၍ မိမိကိုယ်ကို အဆုံးစီရင်ခြင်းအား ကာကွယ်တားဆီးရေးဆိုင်ရာ ကမ္ဘာ့နေ့ကို ၂၀၀၃ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပါသည်။
မိမိကိုယ်ကို အဆုံးစီရင်ခြင်းဆိုင်ရာ ပြဿနာများကို ပိုမိုဂရုပြုနိုင်ရန်၊ စိတ်ဒဏ်ရာဒဏ်ချက်များကို လျှော့ချနိုင်ရန်၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များနှင့် ပြည်သူများအတွင်း အသိပညာဖြန့်ဝေမြှင့်တင်ပေးရန်နှင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းအား ကာကွယ်တားဆီးရန်အတွက် ထိရောက်သော သတင်းစကားမျှဝေပေးရန် နှစ်စဉ် စက်တင်ဘာလ (၁၀) ရက်နေ့ကို ဤအထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
Reference: https://www.who.int/campaigns/world-suicide-prevention-day/2023
တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း၏ “Zero Suicide Campaign” Suicide Prevention Hotline အကြောင်း အသေးစိတ်သိရှိလိုပါက-
#nugmoh #WorldSuicidePreventionDay #WorldSuicidePreventionDay2023 #WSPD #suicide #telekyanmar #တယ်လီကျန်းမာ #ZeroSuicideCampaign #SuicidePrevention #Hotline
Ministry of Health,
National Unity Government.

Published on: September 10, 2023
Last updated: September 10, 2023